User Login
Yangon United FC  

History

Air Bagan FC @ Legend YUFC Plenty of fan
 
၁၈.၇.၂၀၀၇ ရက်နေ့တွင် Htoo Group of Companies ၏ နှစ်ပတ်လည် အခမ်းအနား ပြိုင်ပွဲတွင် Chairman မှ ဘောလုံးတစ်သင်း တည်ထောင်ရန် ညွှန်ကြားခဲ့ပါသည်။ ထိုအချိန်မှ စ၍ ပထမတန်း ကလပ်အသင်းတစ်သင်း ဖြစ်သော VIVA ဘောလုံးအသင်းအား ၀ယ်ယူ၍ Air Bagan FC အမည်ပြောင်းကာ ၂၀၀၇ ခုနှစ်၏ ပထမတန်းပြိုင်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးရာသီတွင်ပင် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အဆင့်(၅)နေရာတွင် ရပ်တည်နိုင်ခဲ့ပါသည်။

 
Yangon United FC
 
၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာဘောလုံးလောက၌ အကြီးမားဆုံး ပြောင်းလဲမှု ဖြစ်လာသည့် Professional သို့ပြောင်းလိုက်သောအခါ Air Bagan FC အသင်းကို Yangon United Football Club အဖြစ် အမည်ပြောင်းကာ ရန်ကုန်တိုင်းကို ကိုယ်စားပြုပြီး ၂၀၀၉ရာသီတွင်စတင်ယှဉ်ပြိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံမှ BEC Tero Sasana FC နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့ပါသည်။ ၂၀၀၉ ရာသီ၏ရှုံးထွက်ဖလားပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပြီး ရတနာပုံအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးကာ ဒုတိယနေရာရရှိခဲ့ပါသည်။

၂၀၀၉ ရာသီ၏ အမှတ်ပေးပြိုင်ပွဲတွင်မူ အဆင့်(၄)နေရာသာရပ်တည်နိုင်ခဲ့သော်လည်း နောက်ဆုံး ကစားသော(၇)ပွဲလုံးတွင် ရှုံးပွဲမရှိစံချိန်ကိုတင်နိုင်ခဲ့ပါသည်။ ယခုအခါတွင် Yangon United ဘောလုံးအသင်းသည် ၂၀၁၀ ဘောလုံးရာသီတွင် ၀င်ရောက်ယှဉ်ပြိုင်လျှက်ရှိပါသည်။

 
 
 
 
 
 
 
 
Advertisememt
     
  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသော ကမ္ဘောဇအသင်းအား YUFC အသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်း  
     
Yangon United Fan Club on Facebook