User Login
Yangon United FC  
Latest News : Updated on Jul 19, 2010


ထူးကုမ္ပဏီများအုပ်စု၏ နှစ်ပတ်လည်အခမ်းအနား အကြိုညစာစားပွဲ ကျင်းပ

 
  ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ထူးကုမ္ပဏီများအုပ်စု၏ ကုမ္ပဏီအနှစ်၂၀မြောက် နှစ်ပတ်လည် အခမ်းအနားအကြို ညစာစားပွဲကို ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် Ballroom တွင်ညနေ ၅ နာရီမှ စတင်ကျင်းပခဲ့သည်။ အခမ်းအနားတွင် ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်များနှင့်အတူ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းမှ အသင်းတာဝန်ရှိသူများ၊ နည်းပြများနှင့် ကစားသမားများလည်း တက်ရောက်ခဲ့ကြသည်။ အဆိုပါညစာစားပွဲ အခမ်းအနားတွင် အခမ်းအနား စီစဉ်တင်ဆက်သူများအဖြစ် သရုပ်ဆောင်(လူရွှင်တော်) ဦးမေတ္တာနှင့် ဦးအရိုင်းတို့က ဆောင်ရွက်ခဲ့ကြပြီး ပထမဦးစွာ Htoo Trading Co.,Ltd မှဥက္ကဌ ဦးတေဇနှင့် ဒုဥက္ကဌဦးလုလုတို့မှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ထို့နောက် Htoo Trading Co.,Ltd ဥက္ကဌဦးတေဇနှင့် Board Of Director များက ကုမ္ပဏီတွင် သစ္စာရှိရှိအမှုထမ်းခဲ့သော ၀န်ထမ်းများကို တစ်ဦးချင်း ရွှေတံဆိပ်ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး IronCross တီးဝိုင်းနှင့်အတူ တေးသံရှင်များဖြစ်ကြသော လေးဖြူ၊အငဲ၊မျိုးကြီး၊အာဇာနည်၊မေခလာ၊ချမ်းချမ်း၊ခင်ဘုန်းတို့က တေးသံသာများဖြင့် ဖျော်ဖြေခဲ့ပြီး ည ၁၀ နာရီ ၃၀ မိနစ်တွင် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။  
 
Comments
ThuyaNyein
Saturday 31 July 2010, 3:15 am
Yangon united ၇ဲ့ Anniversary ကို မလုပ်ဘူးလား
omega
Friday 30 July 2010, 3:42 am
ပျော်ရွှင်စရာကောင်းတဲ့ 20th Anniversary Dinner အတွက် ဥက္ကဋ္ဌ နှင့် တကွ လူကြီးမင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် နောင်နှစ်များမှာလည်း ပိုမိုအောင်မြင်ပြီး တိုးတက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

(Maximum characters: 500)
You have characters left.
 
 
 
Advertisememt
     
  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသော ကမ္ဘောဇအသင်းအား YUFC အသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်း  
     
Yangon United Fan Club on Facebook