User Login
Yangon United FC  
Latest News : Updated on Jul 19, 2010


ရန်ကုန်ယူနိုက်တက်အသင်း၏ မြက်ခင်းတုကွင်း အားလုံးပြီးစီး

 
  ရန်ကုန်ယူနိုက်တက်အသင်း၏ လေ့ကျင့်ရေးကွင်းဖြစ်သော လှိုင်မြို့နယ် သံလမ်းအားကစားကွင်းတွင် တည်ရှိသော မြက်ခင်းတု ကွင်းမှာ ဇူလိုင်လ 17 ရက်နေ့တွင် ကွင်းမျက်နှာပြင် အားလုံး ရာဘာတစ်ထပ်ခင်းခြင်းဖြင့် ပြီးစီးခဲ့ပြီဖြစ်သည်။ ယင်းမြက်ခင်းတုကွင်းမှာ မူလက မေလ 22 ရက်နေ့ ၀န်းကျင်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းခဲ့သော်လည်း စင်ကာပူနိုင်ငံမှ မှာယူထားသည့် သဲများနှင့် ရာဘာများ အချိန်မှီ မရောက်လာသဖြင့် ကြန့်ကြာခဲ့ရသည်။ ဇူလိုင်လ 14 ရက်နေ့က စင်ကာပူနိုင်ငံမှ အထူးမှာယူထားသော ရာဘာများရောက်ရှိလာသဖြင့် ကွင်းတာဝန်ရှိသူများက ဇူလိုင်လ 14 ရက်နေ့ ညနေပိုင်းမှစတင်ကာ မြက်ခင်းတုကွင်းအတွင်း ရာဘာများခင်းကျင်းခဲ့ရာ ဇူလိုင်လ 17 ရက်နေ့တွင် အားလုံးပြီးစီးခဲ့ခြင်းဖြစ်သည်။ ယင်းမြက်ခင်းတုကွင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး မြက်ခင်းတုကွင်းဖြစ်ပြီး ဇူလိုင်လ 18 ရက်နေ့တွင် စတင်ကစားနိုင်တော့မည်ဖြစ်သည်။  
 
Comments
zawzaw
Tuesday 17 August 2010, 10:16 pm
၇န်ကုန်သားတယောက်အနေနဲ့  အ၇မ်းကို ၀မ်းသာတယ် ဗျာ
zawzaw
Tuesday 17 August 2010, 10:15 pm
၇န်ကုန်သားတယောက်အနေနဲ့  အ၇မ်းကို ၀မ်းသာတယ် ဗျာ
zawzaw
Tuesday 17 August 2010, 10:15 pm
၇န်ကုန်သားတယောက်အနေနဲ့  အ၇မ်းကို ၀မ်းသာတယ် ဗျာ
naygalaxy@gmail.com
Sunday 1 August 2010, 7:33 am
မြန်မာနိုင်ငံရဲ့ ပထမဆုံးကွင်းဖြစ်လို့ ရန်ကုန်ပရိတ်သတ်တစ်ယောက်အနေနဲ့ အရမ်းကို ဂုဏ်ယူပါတယ်။
ThuyaNyein
Saturday 31 July 2010, 3:10 am
di stadium ko home aphyit use mha la
ypyoungster
Saturday 24 July 2010, 8:23 am
Very Beautiful...

blackdiamond1993
Friday 23 July 2010, 11:40 pm
I'm very glad to see it and please try to complete it quickly! That's Our Yangon!!!!!!!!!!!!!!
Zay*Yar*Myo
Thursday 22 July 2010, 1:12 am
LANN TAR HMA TA KEL KO LANN TAR. YANGON DOET KA TAWE LOKE CHA LIKE PE. DAR HMA DOET YANGON KWA.
Phyowai
Wednesday 21 July 2010, 8:42 am
အရမ်းလန်းတယ်ဗျာ

(Maximum characters: 500)
You have characters left.
 
 
 
Advertisememt
     
  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသော ကမ္ဘောဇအသင်းအား YUFC အသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်း  
     
Yangon United Fan Club on Facebook