User Login
Yangon United FC  
Latest News : Updated on Jul 19, 2010


မြက်ခင်းတုကွင်း တာဝန်ခံ ကိုအေးချမ်းအောင်မှ ကွင်းနှင့် ပတ်သက်ပြီးပြောကြား

 
  ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၏ လေ့ကျင့်ရေးကွင်းဖြစ်သော မြက်ခင်းတုကွင်းအား ATS Co.,Ltd မှ တာဝန်ယူ တည်ဆောက်ခဲ့ပါတယ်။ မြက်ခင်းတုအား သဲတစ်ထပ် ရာဘာတစ်ထပ်ခင်းပြီး ကွင်းမျက်နှာပြင်အားလုံး ပြီးဆုံးပြီးနောက် ATS Co.,Ltd မှ တာဝန်ခံ ကိုအေးချမ်းအောင်မှ မြက်ခင်းတုကွင်းနှင့် ပတ်သတ်ပြီး ပြောကြားချက်များကို ဖော်ပြလိုက်ပါတယ်။

“ကျွန်တော်တို့ ATS Co.,Ltd အနေနဲ့ ပထမအဆင့် Foundation ကို 11-2.2010 ရက်နေ့တွင် စတင်ခဲ့ပြီး အောက်ခံ Foundation တွေ အားလုံးနီးပါး ဧပြီလကုန်လောက်က ပြီးသွားခဲ့ပါတယ်။ (7-5-2010) စပြီး မြက်ခင်းတု စခင်းခဲ့ပြီး ဇူလိုင်လ 17 ရက်နေ့မှာ မြက်ခင်းတု ခင်းခြင်းလုပ်ငန်းအားလုံး ပြီးစီးခဲ့ပါတယ်။ ပထမကျွန်တော်တို့ မြက်ခင်းတု ခင်းခြင်းလုပ်ငန်းကို မေလလယ်လောက်မှာ ပြီးမယ်လို့ခန့်မှန်းခဲ့ပေမယ် မှာယူထားတဲ့ ရာဘာများ အချိန်မှီမရောက်တာရယ် မိုးကလည်း အဆက်မပြတ် ရွာတဲ့အတွက် အခုလိုကြန့်ကြာခဲ့ရတာပါ။ အခုခင်းခဲ့တဲ့ မြက်ခင်းတုကိုလည်း ကျွန်တော်အနေနဲ့ အပြည့်အ၀ ကျေနပ်မှုရှိပါတယ်။ ဒီမြက်ခင်းတုကွင်းက မြန်မာနိုင်ငံရဲ့ ပထမဆုံး မြက်ခင်းတုကွင်းဖြစ်သလို FIFA အသိအမှတ်ပြု 2 Star မြက်ခင်းတုကွင်းလည်း ဖြစ်ပါတယ်။ အခုကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ကွင်းဘေးကပြေးလမ်းကိုလည်း တာဝန်ယူတည်ဆောက်နေတာ 60 ရာခိုင်နှုန်းပြီးစီးနေပါပြီ၊ လာမယ့် သြဂုတ်လကုန်ဆိုရင် ကွင်းပတ်ပြေးလမ်းလည်း ပြီးဆုံးပါတော့မယ်” ဟုပြောကြားခဲ့သည်။
 
 
Comments
ThuyaNyein
Saturday 31 July 2010, 3:09 am
di stadium ko home aphyit use mha la
yeminhtun1985
Sunday 25 July 2010, 8:00 am
ရုံးပိတ်ရက်မျိုး ပိုကာဝိုင်းရှိရင်ခေါ်နော် .. ကစားချင်လို့ .. ကိုဗိုက်ပူ . ၃.၄ ခါမရိုက်နဲ့လေ ကွန်နက်ရှင်မကောင်းဘူး ဆိုတာ လူတွေ သိကုန်မယ် .. ဒီငနဲကြီးကတော့ ကွိုင်ပဲ :P
Phyu Htwe
Thursday 22 July 2010, 2:05 am
အိမ်ရှေ.က ကွက်လပ်ကလေးကို အဆင်.မြင်.ပြင်ဆင်မှုလုပ်ပြီး သကာလ မြက်အတု အုပ်ပြီးရာဘာ အမှိုက်ကလေးတွေ ကြဲချင်လို.ပါ။လေလံစနစ်နဲ.လက်ခံမယ်. ပရောဂျက်ပေမယ်. ဂိုးဖမ်းကောင်းတဲ. 01 ကိုဘဲပေးမှာပါ။တွေ.ရင် ဆဲနော်။
yesboss
Tuesday 20 July 2010, 1:29 am
မှာယူထားတဲ့ ရာဘာ ဆိုတာ.........ဗားကရာ က လား
yesboss
Tuesday 20 July 2010, 1:27 am
ပိုက်ဘောတွေဖမ်းတာအရမ်းကောင်းတယ်ဆို..........နာမည်တွေကိုကြီးလို့
yeminhtun1985
Monday 19 July 2010, 10:00 am
ကိုအေးချမ်းအောင်ရေ... ကွင်းကိုတော့ ရှယ်လုပ်နော် . အဟတ် .. ဖဲလဲ မရှုံးစေနဲ့ အဟတ် :P
panda!

(Maximum characters: 500)
You have characters left.
 
 
 
Advertisememt
     
  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသော ကမ္ဘောဇအသင်းအား YUFC အသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်း  
     
Yangon United Fan Club on Facebook