User Login
Yangon United FC  
Latest News : Updated on Jul 26, 2010


YUFC အရန်အသင်း ဇူလိုင် 27 ရက်နေ့တွင် ဒယ်လ်တာအသင်းနှင့် ယှဉ်ပြိုင်ကစားမည်

 
  မြန်မာနေရှင်နယ်လိဂ် အရန်အသင်းများ ပြိုင်ပွဲ၏ ပထမအကျော့ ပွဲစဉ်များ ကျင်းပလာသည်မှာ ယခုဆိုလျှင် 6 ပတ်မြောက်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အရန်အသင်း 5 ပွဲကစားပြီးရာတွင် 4ပွဲနိုင် 1ပွဲ သရေ ရမှတ် 13 မှတ်ဖြင့် အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ YUFC အသင်းသည် ယနေ့ ဇူလိုင်လ 27 ရက်နေ့ ညနေ 4 နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်အားကစားကွင်း၌ ဒယ်လ်တာယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အရန်အသင်းသည် ယနေ့ပွဲတွင် နောက်တန်းကစားသမား ၀ိုင်းချစ်အောင်နှင့်ထွန်းထွန်းဝင်းတို့ ဒဏ်ရာရလျက်ရှိပြီး ကွင်းလယ်လူ ထိန်လင်းမှာလည်း အ၀ါကဒ် 3ကဒ်ပြသခံထားရသဖြင့် ပါဝင်ကစားနိုင်မည်မဟုတ်ပေ။

ယနေ့ပွဲနှင့်ပတ်သက်ပြီး နည်းပြချုပ်ဦးဌေးနိုင်မှလည်း“ အားထားရသည့် ၀ိုင်းချစ်အောင် မပါနိုင်တဲ့အတွက် နောက်တန်းအားနည်းသွားပေမယ် အကောင်းဆုံးပြင်ဆင်ထားပြီးဖြစ်ပါတယ်။ ကစားသမားတွေကိုလည်း ပွဲတိုင်းကိုအနိုင်ကန်ဖို့နဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးကြိုးစားကစားဖို့ မှာကြားထားပါတယ်” ဟုပွဲကြိုစကားပြောကြားခဲ့သည်။
 
 
Comments
No comments yet...be the first to comment

(Maximum characters: 500)
You have characters left.
 
 
 
Advertisememt
     
  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသော ကမ္ဘောဇအသင်းအား YUFC အသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်း  
     
Yangon United Fan Club on Facebook