User Login
Yangon United FC  
Latest News : Updated on Jul 29, 2010


မြန်မာနေရှင်နယ်လိဂ်အရန်အသင်းပြိုင်ပွဲ ပွဲစဉ်ဇယား ရက်ပြောင်းလဲသတ်မှတ်

 
  မြန်မာနေရှင်နယ်လိဂ် အရန်အသင်းပြိုင်ပွဲများကို မူလကျင်းပမည့် နေ့ရက် အစား ရက်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။ ယခုပြောင်းလဲထုတ်ပြန်လိုက်သည့် ပွဲစဉ်များအရ ရန်ကုန်ယူနိုက်တက် အရန်အသင်း၏ ပထမအကျော့ပွဲစဉ်များကို သြဂုတ်လ 8 ရက်နေ့အပြီးကန်ရမည်ဖြစ်သည်။ အသစ်ပြောင်းလဲထုတ်ပြန်လိုက်သည့် ပွဲစဉ်ဇယားအရ ရန်ကုန်ယူနိုက်တက် အရန်အသင်း၏ ပွဲစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

Week-7 ပွဲစဉ်(32) 1.8.2010(Sun Day) Yangon United & Nay Pyi Taw (Padonmar)

Week-8 ပွဲစဉ်(38) 3.8.2010(Tue Day) Yangon United & Ma Naw Myay (Aung San)

Week-9 ပွဲစဉ်(44) 6.8.2010(Fri Day) Yangon United & Okk Thar United (Sa Lin)

Week-10 ပွဲစဉ်(50) 8.8.2010(Sun Day) Yangon United & Southern Myanmar (Padonmar)

 
 
Comments
June Moe Chit
Wednesday 4 August 2010, 8:11 am
ပွဲစဉ်တွေတော့ သိလိုက်ပြီ


ရုံးပိတ်ရက်နဲ့ အဆင်ပြေတယ်

နိုင်မယ် လို့ သိနေတယ် ဒါပေမယ့် လာကြည့်မယ် ထိုင်ခုံမှာ ထိုင်နေရတဲ့ လူတွေကို ပါ ကစားစေချင်တယ်နော်
soemin
Monday 2 August 2010, 10:38 am
ကျေးဇူးပါ media officer. သိချင်တာဖြေပေးလို့ကျေးဇူးပါ။ ဒါဆို ရန်ကုန်မှာ အရပ် အရှည်ဆုံးက သူပေါ့။
mediaofficer@ygnutd.com
Sunday 1 August 2010, 11:50 pm

soemin သို့
ရန်ကုန်အရန်အသင်းမှ အလယ်တန်းကစားသမား ရန်နိုင်အောင်အရပ်က 5 ပေ 11 လက်မ ရှိပြီး အသက်က 17 နှစ်ဖြစ်ပါတယ်။
soemin
Thursday 29 July 2010, 10:15 am
YUFC သို့

YUFC လူငယ်အသင်းမှာ အသက်(15) နှစ်အရွယ် အရပ် 6' ရှိတဲ့ တိုက်စစ်မှူး ၇ှိတယ်ကြားတယ်။ ဘယ်သူလဲမသိဘူးခင်ဗျ။ တဆိတ် ဖော်ပြပေးပါခင်ဗျ။
June Moe Chit
Thursday 29 July 2010, 9:35 am
ကောင်းလိုက်တာ အရန်သင်း ကဆက်တိုက်ပဲကန်မှာပေါ့နော်


သူတို့ နိုင်ပါစေ ပွဲတိုင်း
great lion
Thursday 29 July 2010, 6:55 am
(၈)ရက်အတွင်း (၄)ပွဲအပြတ်ကန်ရမှာပဲ..နေပြည်တော် မနောမြေပွဲဆက်က တော်သေးပေမယ့် နောက်ကလိုက်နေတဲ့ ခြေစွမ်းကောင်းတဲ့
ဥသာ ဆောက်သန်း ပွဲဆက်ကတော့ မလွယ်ဘူးနော် ။ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်ဗျာ ။ လူငယ်အသင်းက မနှစ်ကလိုမျိုးမဟုတ်ပဲ မျက်နှာ
သစ်ကစားသမားတွေဖြစ်လို့ ပရိတ်သက်သိပြီးသားဆိုလို့ ဇော်မျိုးထွန်း ကောင်းစည်သူ နိုင်ဇေယျာထွန်း ဇင်မင်းဦးတို့လောက်ပါပဲ ။
နေလင်းထွန်း သက်နိုင်ဝင်း လွင်ကိုနိုင် ၀ိုင်းချစ်အောင် သူတို့လေးတွေကတော့ မဆိုးဘူး ။ မျက်စိထဲထင်ပေါ်အောင် ကစားနိုင်ကြတယ် ။
အနာဂါတ်ရဲ့ အလင်းသစ်တို့ရေ အားပေးနေပါတယ် ။

(Maximum characters: 500)
You have characters left.
 
 
 
Advertisememt
     
  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသော ကမ္ဘောဇအသင်းအား YUFC အသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်း  
     
Yangon United Fan Club on Facebook