Register
|
Login
Headline :
MNL 2013 Week (12) Results - Manaw Myay 1-1 YDNB, AUFC 1-2 Zeyar, YUFC 3-1 HUFC, KBZ 3-1 RUFC, Magwe 0-0 Zwekapin, NPT 3-0 Southern
Home
News & Features
News
Features
Matches
Fixtures & Results
First Team 2013 2nd
First Team 2013 1st
First Team 2012
Reserve Team 2013
Reserve Team 2012
Standing Tables
First Team 2013
First Team 2012
Reserve Team 2013
Reserve Team 2012
Players & Staff
Coaching Staff
Players
The YUFC
Photo Gallery
MNL/2012
MNL/2011
MNL/2010
History
Movie HighLight
Collector's Shop
Fanzone
Contacts
Latest News
: Updated on Jul 29, 2012
အသင်းလိုက် ကစားဟန် အကောင်းဆုံး ပုံစံ ရလာပြီဟု ရန်ကုန် နည်းပြချုပ် ကြုံးဝါး
ဆောက်သမ်းမြန်မာကို (၄-၁)ဖြင့် နိုင်သည့် ပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန် ယူနိုက်တက်
အသင်း
နည်းပြချုပ် အီဗန်ကိုလက်ဗ်က အသင်းလိုက် ကစားအားမှာ အကောင်းဆုံး အခြေအနေသို့ ရောက်လာပြီး ယနေ့ ကစားပုံကို ကျေနပ်သည်ဟု ထုတ်ဖော် ပြောကြားသည်။
ယနေ့
ပွဲတွင် နိုင်ငံခြားသား တိုက်စစ်မှူး နှစ်ဦးစလုံး ဂိုးသွင်း နိုင်ခဲ့ပြီး ဘရာဇီး တိုက်စစ်မှူး ဆီဇာဆိုလျှင် လိဂ်ဂိုး ၁၀ ဂိုးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
“
ဒီနေ့
ပွဲမှာ အဓိက ကစားသမား တချို့ မပါနိုင်ပေမယ့် ကစားကွက်ကို ကျေနပ်ပါတယ်။ အသင်း ကစားပုံက အခုဆိုရင် တဖြည်းဖြည်း ကောင်းလာပါပြီ။ ရတနာပုံနဲ့ ပွဲမကစားခင်မှာ ဒီလို အနေအထားကို ရောက်လာတာ အရမ်း ကောင်းပါတယ်။ ဂိုးပြန်ပေးရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကတော့ အထူး ပြောစရာ မရှိပါဘူး။ နောက်ခံလူတွေမှာ ပြဿနာ မရှိပါဘူး။ တစ်ဦးချင်း အမှား ရှိလာတဲ့ အချိန်မှာ ချိန်သားကိုက်ပြီး ဂိုးပေးလိုက်ရတဲ့ သဘောမျိုးပါ။ ဘောလုံးမှာတော့ ဒါမျိုး ဖြစ်တတ်ပါတယ်” ဟု နည်းပြချုပ် ကိုလက်ဗ်က ဆိုသည်။
ပွဲစဉ် ၂၁ ပွဲအပြီးတွင် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် ရတနာပုံက (၄၈)မှတ်၊ ဒုတိယ နေရာမှ ရန်ကုန်က (၄၇)မှတ် ဖြစ်နေသဖြင့် လာမည့် အပတ်တွင် ကစားရမည့် ရတနာပုံ - ရန်ကုန်ပွဲမှာ အထူး အရေးပါလာပြီဟု နည်းပြချုပ်က ယခုလို သုံးသပ်သည်။
“
ရတနာပုံ
ပွဲဟာ ကျွန်တော်တို့ အတွက် အရေးကြီး ပါတယ်။ ဒါပေမယ့် ကျွန်တော့် ကစားသမားတွေရဲ့ အခုခြေစွမ်းနဲ့ ဆိုရင် အပြစ် ပြောစရာ မရှိပါဘူး။ ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ကစားသမားတွေ အကောင်းဆုံး ပုံစံ ရနေတယ် ဆိုတာ သံသယ မရှိပါနဲ့။ အတွေ့အကြုံ နည်းတဲ့ စည်သူအောင်လို ကစားသမား မျိုးတောင် အကောင်းဆုံး ပုံစံ ရတယ်ဆိုရင် တခြားလူတွေကို မေးမနေ ပါနဲ့တော့။ ရတနာပုံနဲ့ ပွဲအတွက် အထူး အစီအစဉ် ရှိလားလို့ မေးရင် ဖြေလို့ မရပါဘူး။ ဒါက လျှို့ဝှက်ချက်ပါ။ သေချာတာကတော့ အဲဒီပွဲ အတွက် အကောင်းဆုံး ကစားသွားမယ် ဆိုတာပါပဲ”ဟု အီဗန်ကိုလက်ဗ်က ပြောကြားသည်။
Comments
kyawwinntint191
Tuesday 31 July 2012, 6:25 am
YUFC Must win YDNB on Super Sunday (5 Aug 2012). We always cheer
kyawwinntint191
Tuesday 31 July 2012, 6:19 am
Dear Kolav, please try all of your best to achieve a victory over Yadanarbon. YUFC must win this match certainly.
nyein zaw lwin
Tuesday 31 July 2012, 3:07 am
ကောင်းလိုက်တဲ့ ကိုလက်ဗ်ရေ အသင်းလိုက်စုစည်းမှုကောင်းလာတာကို ကျေနပ်မိပါတယ်။တစ်ခုပြောချင်တာက ရတနာပုံနဲ့ရန်ကုန်ဆို
တာ မဟာပြိုင်ဘက်တွေပါဘဲ ကျန်တဲ့အသင်းတွေကို ရှုံးချက်ရှုံး ရတနာပုံကိုတော့ အရှုံးမခံနိုင်ဘူးဆိုတာ ပရိတ်သတ်တိုင်းရဲ့ ရင်ထည်းမှာ
အမြဲရှိပါတယ်။ ဒါကြောင်းရတနာပုံ နဲ့ ပွဲကို နည်းပြရော၊ ကစားသမားတွေရော ယုံကြည်မှုအပြည့်နဲ့ ပရိတ်သတ်ကို ကျေနပ်မှုပေးစွမ်းနိုင်
မယ်လို့ယုံကြည်ပါတယ်။
Aung Win Htut
Sunday 29 July 2012, 9:44 am
ဟုတ်ပါတယ်... ရန်ကုန်အသင်း နဲ့ Derby ပြိုင်ဘက်လို ဖြစ်နေတဲ့ ရတနာပုံ ကိုတော့ မဖြစ်မနေ အနိုင်ကန်စေချင်ပါတယ်... ရန်ကုန် အသင်းက ရတနာပုံ နဲ့ ကန်ပြီးသွားရင် ပွဲကျပ်တွေ မကျန်တော့ပါဘူး... ရတနာပုံ ကတော့ ပွဲကျပ်တွေနဲ့ ရင်ဆိုင်ရဦးမှာပါ... ဒါကြောင့် ဒီပွဲ နိုင်ခဲ့မယ်ဆိုရင် CHAMPION လမ်းကြောင်းက ဖြူးသွားပါပြီ... နောက်ထပ်အရေးကြီးတာက ကိုယ်တိုင် ခြေချော်လက်ချော် မဖြစ်စေဖို့ပါပဲ...
Come home with winning 3 marks ,
be strong Lions...
boboaung
Sunday 29 July 2012, 9:11 am
ကိုလတ်ကြီးေ၇..ဒီနေ့ အနိင်အတွက်ကျေးဇူးပါ..ဒါပေမယ့် ကျွန်တော်တို့ ပစ်မှတ်..အားထားတာက၇တနာပုံနဲ့ ပွဲပါ..
ဂုဏ်သိက္ခာတခုအတွက်တိုက်ပွဲလို့ တောင်ပြောပါ၇စေ..ဒီနေ့ ပွဲဟာအနိင်ဆိုတာ၇န်ကုန်ပ၇ိတ်သတ်အားလုံး
ဟာကြိုသိနေပါတယ်ဗျာ..အဝေးကွင်း..၇တနာပုံနဲ့ ပွဲမှာအရူံးဆိုတာကိုကျွန်တော်တို့ ပ၇ိတ်သတ်တွေလက်ခံလို့ မ၇ပါဘူး
တခြားပွဲတွေရူံးတာကိုလက်ခံနိင်ပေမယ့်  ၇တနာပုံနဲ့ ပွဲကိုတော့ အနိင်ဘဲမြင်ချင်ပါတယ်..အဲဒီအတွက်လဲအသင်းရဲ့ နောက်
မှာအမြဲ၇ပ်တည်အားပေးနေပါတယ်..ကျေဇူးပြုပီးတော့ ..၇တနာပုံနဲ့ ပွဲအတွက်အကောင်းဆုံးပေးဆပ်ပေးပါဗျာ။
(Maximum characters: 500)
You have
characters left.
မဟာစင်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသင့်ရှိနေပြီ ဖြစ်ကြောင်း ရန်ကုန်အသင်း ဥက္ကဋ္ဌ ပြောကြား